ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဖြစ်သူ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူမှုသတင်း

24 Pic 01 24 Pic 02 24 Pic 03 24 Pic 04
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယမ်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. LUAN THUY DUONG တို့သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ နည်းပညာသုတေသနဌာန၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်များအရ HAGL Group ၏ မန်းနေဂျင်းဒါရိုက်တာက လှူဒါန်းရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်းရာ အမြဲတမ်းအတွင်းဝန်က လက်ခံရယူခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ကျေးဇူးတင်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းရှင်များမှ ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း (၄၀၀) ကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ပေးအပ်လှူဒါန်းရာ ကော်မတီအတွင်းရေးမှူးဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2
#bgo_Sep2018

Sign Up

Upcoming Events