ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) တွင် ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source:ဖလမ်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#chn_Sep2018

Sign Up

Upcoming Events