လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24 Pic 06
================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာအုပ်စု ကျေးရွာ ၂ ရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ် ၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ (၃) ပုံး၊ အမိုးလန်ခဲ့သည့်နေအိမ် (၆) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၆၈၀၀) ကျပ်အား (၂၄-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ပြည်သူလက်ဝယ်ရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events