လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_07
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လက်ပတောကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့၌ (၁၆.၉.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၀၅၀၀/-)ကျပ်တို့အား (၂၄.၉.၂၀၁၈)ရက်နေ့တွင် အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_sep2018
Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events