မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်း ရွာသစ်ကျေးရွာ အုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄.၉.၂၀၁၈)နေ့ (၁၁း၃၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_fir
#npw_sep2018
Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events