အထူးစောင့်ရှောက်မှုလိုအပ်သောကလေးများကို Computer Software များဖြင့် လေ့ကျင့်မှုပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က လာရောက်ဆွေးနွေးမှုသတင်း

အောက်တိုဘာ ၁၈၊ နေပြည်တော်
မသန်စွမ်းကလေးငယ်များအသုံးပြုနိုင်ရေးအတွက် Moveahead Software နှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား လာရောက်တွေ့ ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများ၊ မသန်စွမ်းကလေး သူငယ်များအမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေး၊ လူတိုင်းအကျုံးဝင်ပညာသင်ကြားခွင့် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းကလေးသူငယ်များသည် အခြားကလေးသူငယ်များကဲ့သို့ အမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေးအတွက် အရေးကြီးသော ဆောလျင်စွာဆန်းစစ်သက်မှတ်ခြင်းနှင့် ဖြေရှင်း ဆောင်ရွက်ပေးသည့်အစီအစဉ်များ (Early Childhood Intervention) ဆောင်ရွက်ရန် ကြိုးပမ်းနေမှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်။
အထူးလိုအပ်ချက်ရှိသည့် ကလေးသူငယ်များအတွက် ဘာသာစကားသင်ယူခြင်းတွင် ၎င်းတို့၏ မိဘများနှင့် ကလေးပြုစုရေးဌာနက ဆရာ၊ဆရာမများအား Computer Software များဖြင့် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာအသုံးပြု၍ကလေးသူငယ်များ အားလေ့ကျင့် ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Oct2018

Sign Up

Upcoming Events