ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍခွဲပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

အောက်တိုဘာ၁၈၊နေပြည်တော်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဘုံပန်းတိုင်ဖြစ်သည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်နှင့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်များချမှတ်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) မဟာဗျူဟာ ချမှတ်ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR) သည် လုပ်ငန်းများကို အကောင်အထည်ဖော်ရန်ရေးဆွဲထား သောစီမံ ချက်ဖြစ်ပါကြောင်း၊ MAPDRR တွင်စီမံကိန်းလုပ်ငန်း (၃၂) ခုပါရှိပြီးလာမည့် (၂၀၁၉) ခုနှစ်တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ဆွေးနွေး သွားရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍခွဲပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့က ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေလျှော့ချရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ မဟာဗျူဟာအား ပိုမိုအားဖြည့်သည့်အနေဖြင့် ဆောင်ရွက်ရေးဆွေးနွေးကြပါရန် ပြောကြားပါသည်။
ဝန်ကြီးဌာနများ၏စီမံချက်များအားစုစည်းထားသော Project Bank သည်ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (MSDP) ကိုအခြေခံထားပါကြောင်း၊ သဘာဝဘေးကြောင့်ဆုံးရှုံးမှုလျော့နည်းအောင်ကြိုတင်ပြင်ဆင်မှုအပိုင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကြေးဘီလီယံပေါင်းများစွာ အသုံးပြုပြီး ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ (၁၁၃) လုံးတည်ဆောက်ထားရှိပြီးထပ်မံတည်ဆောက်မည့်အဆောက်အဦ (၈၃)လုံးရှိပါကြောင်း၊ ထို့အတူကြိုတင်သတိပေးချက်များအချိန်မီပေးပို့ဆောင်ရွက်နိုင်ရန် Single Side Band – SSB ရေဒီယိုလှိုင်းသုံး ဆက်သွယ်ရေးစက်များအား ဘေးကျရောက်လွယ်သည့်ဒေသများတွင်တပ်ဆင်ထားပါကြောင်း၊ရေဘေးကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအားကမ္ဘာ့ဘဏ်၏ချေးငွေဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊စီမံကိန်းများဆောင်ရွက်ရာတွင်အစိုးရနှင့်အတူဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများကလည်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြပါရန်တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNDP မှ Country Director ဖြစ်သူMr.PeterBatchelorက MAPDRR နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည် အကြောင်းပြောကြားခဲ့ပြီး အဆိုပါအစည်းဝေးသို့ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Oct2018

Sign Up

Upcoming Events