မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

19 Pic 01 19 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဆေးသမားကျွေးရွာအုပ်စု၊ အုန်းတောချေကယ်ဆယ်ရေးစခန်း၌ (၁၈-၁၀-၂၀၁၈) ရက်နေ့ (၂၃း၃၀) နာရီအချိန်တွင် (၈) ခန်းတွဲ အဆောင် (၁၅) ဆောင် မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၄၁) စု၊ လူဦးရေ (၈၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၄၁) ပုံး၊ လူဦးရေ (၈၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၇၂၆,၂၀၀/-) ကျပ်နှင့် သေဆုံးသူ ကျား (၁)ဦး၊ မ (၅) ဦး စုစုပေါင်း (၆) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)ကျပ်တို့အား (၁၉ – ၁၀ – ၂၀၁၈) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#rke_Oct2018

Sign Up

Upcoming Events