မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

19 Pic 01 19 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၈) ရက်နေ့တွင် မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး၌ သက်ဆိုင်ရာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#sgg_Oct2018

Sign Up

Upcoming Events