သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

19 Pic 01 19 Pic 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဟသာၤတမြို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပြပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်း ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ဟသာၤတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၅၄) ဦးအပါအဝင် စုစုပေါင်း အင်အား (၉၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း(ဘစမ)
#ar
#ayy_Oct2018

Sign Up

Upcoming Events