မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ (၁၇/၁၈-၁၀-၂၀၁၈) ရက်နေ့တို့တွင် မြစ်ရေတိုက်စားကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၃၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၇၃,၅၀၀/-) ကျပ် ၊ စုစုပေါင်း (၁,၀၇၃,၅၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_Oct2018

Sign Up

Upcoming Events