မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့နှင့်အတူ (၁၂-၁၂-၂၀၁၈)ရက်နေ့၌ ညောင်တုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁၀) လုံး၊ အိမ်ထောင်စု(၁၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁,၀၀၀,၀၀၀)၊ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၉၄,၅၀၀)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁,၀၉၄,၅၀၀)တို့အား (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၄၁၅)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events