ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ (၁၀၀၀)နာရီမှ (၁၂၀၀)နာရီအချိန်ထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ-လ-က(ရွာသီ)ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ဟောပြောဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသူ/သားစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ငလျင်နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events