မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ( ၁၄-၁၂-၂၀၁၈)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၁၄)လမ်းရှိ အခြခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦး၊ စုစုပေါင်း (၁၉၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events