သဘာဝဘေးအသိပညာပေးဟောပြောခြင်း

10 Pic 01 10 Pic 02
=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ယန်းလော)၌ ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ယန်းလောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ဝမ်နားခမ်း)၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events