ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

10 Pic 01 10 Pic 02 10 Pic 03
ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၁၉၂၃) ဦး၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ (၃) ကျောင်းတို့ လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် နေအိမ်များ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁,၄၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၈၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄,၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၉၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄) ရက်စာ (၈,၀၇၆,၆၀၀/-) ကျပ်နှင့် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ (၃) ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၃,၈၇၆,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့မှ ထောက်ပံ့ငွေ (၃၀,၀၀၀,၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား ထောက်ပံ့ငွေ (၁,၅၉၀,၀၀၀/-) ကျပ်တို့အား လည်းကောင်း (၉-၁-၂၀၁၉) ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#hl2_sgw
#ha_sgw
#mon_jan2019

Sign Up

Upcoming Events