သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့ (၀၉:ဝ၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်း (ကတ်ဖ) ကျောင်းတွင် ကျောင်းသူ/ကျောင်းသား (၂၅၀) ဦးတို့အား လည်းကောင်း (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသူ/ ကျောင်းသား (၁၅၀) ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_Jan2019

Sign Up

Upcoming Events