မီးဘေးထောက်ပံ့မှုသတင်း

23 Pic 01 23 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်လက်ဖက်ရည်ဆိုင်၌ (၂၃-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၅း၃၅) နာရီအချိန်တွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ကာ (၂) ထပ်အိမ် (၁) လုံးနှင့် တိုက်ခန်း (၄) ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၅) စု မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၅၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၁,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၁၁,၃၀၀/-) ကျပ်၊ ရေသန့် (၅) လီတာ (၄၀) ဗူး၊ စားဆီ (၅)ပိဿာ (၁) ပုံး၊ ဒန်အိုး (၅) လုံးနှင့် စောင် (၁၀) ထည်တို့အား (၂၃-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_jan2019

Sign Up

Upcoming Events