IDPs မိသားစု (၁၈) စုအား ပလန.ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးမှုသတင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့နယ် (ပလန) ငွေပျော်စံပြကျေးရွာသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေမြို့နယ်ရှိ IDPs စခန်း (၆) ခုမှ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၃) ဦးတို့အား (၂၄.၁.၂၀၁၉)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဂျေကော့ဘူဦးဆောင်သော ဌာနဆိုင်ရာ အဖွဲ့များမှ ငွေပျော်စံပြကျေးရွာ၊ မူလတန်းကြိုကျောင်းတွင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်၍ ရွှေ့ပြောင်းပေးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၈) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ( တန်ဖိုးကျပ်-၇၇၈,၁၂၅/-) အားလည်းကောင်း၊ ပြည်နယ်ကျန်း မာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်၊ အိမ်သာခွက်နှင့် ပိုက်တို့အားလည်းကောင်း၊ ပြည်နယ်ပညာရေးဌာနမှ ကျောပိုး အိတ်၊ ဗလာစာအုပ်၊ ဘောပင်၊ ပေတံတို့အားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထမင်းထုပ်နှင့် ရေသန့်များအားလည်းကောင်း၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ Hygiene kit ၊ Dignity Kit၊ Shelter too kit၊ တာပေါ်လင်တို့အားလည်းကောင်း၊ ဆန်ကုန်သည်ကြီးများအသင်းမှ ဆီ၊ ပဲ၊ ဆားတို့အားလည်းကောင်း၊ NRC အဖွဲ့အစည်းမှ အနွေးစောင်၊ အခင်း၊ ဖျာတို့အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#kcn_jan2019

Sign Up

Upcoming Events