တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

11 Pic_01 11 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၁၉၃,၈၀၀/-) ကျပ်တန်ဖိုးရှိသော ကျားလုံချည် (၆၈) ထည်၊ (၁၄၉,၆၀၀/-) ကျပ်တန်ဖိုးရှိသော မလုံချည် (၆၈) ထည်၊ (၁၈၉,၀၄၀/-) ကျပ်တန်ဖိုးရှိသော တီရှပ် (၁၃၆) ထည်၊ (၃၆၀,၄၀၀/-) ကျပ်တန်ဖိုးရှိသော စောင် (၁၃၆) ထည်၊ (၃၄၀,၀၀၀/-) ကျပ်တန်ဖိုးရှိသော ဖျာ (၆၈) လိပ်၊ လူဦးရေ (၂၃၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၂,၁၅၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၃,၃၈၃,၈၄၀/-) ကျပ်အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_feb2019

Source:         ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events