ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်သောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအားဆက်လက်ထောက်ပံ့ပေးအပ်

ဖေဖော်ဝါရီ၁၁၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းတွင် စတုတ္တအကြိမ် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်အိမ်ထောင်စု(၆၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ကျားလုံချည်(၆၈)ထည် ၊မလုံချည်(၆၈)ထည်၊ တီရှပ်(၁၃၆)ထည်၊ စောင်(၁၃၆)ထည်၊ ဖျာ(၆၈)ခု ၊လူဦးရေ(၂၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ (၂၁၅၁၀၀၀ိ/-)၊စုစုပေါင်းထောက်ပံငွေတန်ဖိုး (၃,၃၈၃,၈၄၀ိ/-)အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ရခိုင်ပြည်နယ်ဦးမှူးရုံးမှ ပြည်နယ်ဦစီးမှူးဦးစီးဆောင်၍ စတုတ္တအကြိမ် ထပ်မံသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွားများကြောင့် တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့်ဒေသခံပြည်သူများအတွက် နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိရာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာဆန်ရိက္ခာဘိုးငွေများကိုပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ရက်နေ့တွင် ဒုတိယအကြိမ် ဆန်ရိက္ခာဘိုးငွေ တစ်လစာ၊ အိမ်ထောင်စုများအလိုက် စောင်များ၊ အခင်းများနှင့် တာပေါ်လင်စများကိုအိမ်ထောင်စု (၉၇၀)၊ လူဦးရေ (၄၄၇၀) အတွက် ပြည်နယ်အစိုးရထံသို့အပ်နှံ၍ လက်ဝယ်အရောက်ဆက်လက်ထောက်ပံ့ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာတစ်လခွဲစာရိက္ခာများပေးအပ်ပြီးဖြစ်ပါသည်။ ယမန်နေ့နံနက်ပိုင်းတွင် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲရှောင်ဒေသခံပြည်သူ (၄,၇၅၂)ဦးအတွက် တတိယအကြိမ်ထပ်မံ၍ ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေကျပ် (၄၂,၇၆၈,၀၀၀)ကိုရခိုင်ပြည်နယ်၊ အမ်းမြို့၊ ရွှေအမ်းတောင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့်အဖွဲ့ထံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပေးအပ်ခဲ့ပါသည်။ ဤထောက်ပံ့ငွေများကိုတိုက်ပွဲရှောင်များလက်ဝယ်အရောက် ခံစားရရှိနိုင်ရေးရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းကာစနစ်တကျ ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအလေးထားဆောင်ရွက်လျက်ရှိရာပထမအကြိမ်မှ စတုတ္ထအကြိမ်ထိဆန်ရိက္ခာထောက်ပံ့မှုမှာစုစုပေါင်းငွေ ကျပ်(သိန်းတစ်ထောင် လေးဆယ့်သုံးသိန်း နှစ်သောင်းငါးထောင့် သုံးရာလေးဆယ် တိတိ) (၁၀၄,၃၂၅,၃၄၀ိ/-)ဖြစ်ပါသည်။ထပ်မံလိုအပ်ချက်များရှိပါကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီဝန်ဆောင်မှုရှိသောဖုန်း ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ များသို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events