ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း

12 Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၉)ရက်နေ့၊ (၀၉၃၀)နာရီမှ (၁၂း၀၀)အထိပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသား/သူ(၁၅၀)ဦးအားအသိပညာပေးဟောပြောဆွေးနွေးခြင်း၊  အောက်ဆီဂျင်အခမဲ့လူမူကူညီရေးအသင်း၊ဥက္ကဌ၊ ဦးဝဏ္ဏ္ဏ္ဏအောင်မှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSOs များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ မဇ္ဈိမသတင်းဂျာနယ်၊ သတင်းထောက်၊ ဦးပြည့်ဖြိုးကျော်မှ သဘာဝဘေးနှင့်ပက်သက်၍အသိပညာများ၊ ထင်မြင်ယူဆချက်များအားဆွေးနွေးခြင်း၊ ရင်ခွင်မဲ့ကလေငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ရေစကြိုမြို့နယ်၊ အတွင်းရေးမှူး၊ ကိုကျော်သူသူမှ သက်ငယ်မုဒိန်းလျော့ချရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events