တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

17 Pic 01 17 Pic 02
=================================================
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့တွင် သီပေါမြို့နယ်၊ ဆွန်အိုက်ကျေးရွာသို့ ရောက်ရှိခိုလှုံလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၁၆၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာ ၇ ရက်စာ (၃၃၆၀၀၀) ကျပ်တိတိတို့အား (၁၆-၂-၂၀၁၉) ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်မှူးများနှင့် ကျောက်မဲခရိုင်ဘေး/စီမံဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုအားပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောက်မဲခရိုင်အတွင်းသို့ ရောက်ရှိခိုလှုံလာသူများအတွက် အချိန်နှင့်တပြေးညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျပ်သိန်း (၂၂၀) ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events