သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

15 pic 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၏ ချီဖွေ-ပန်ဝါ ခရီးစဉ်သို့ လိုက်ပါလျက် (၁၂-၃-၂၀၁၉) ရက်နေ့တွင် ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးနှင့် ပတ်သက်သည့် ထောက်ပံ့ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြစ်သည့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များအား ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။ #ar #kcn_mar 2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events