မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ /အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာနှင့် Care Myanmar ပလပ်စတစ်ဖျာ (၂) ချပ်တို့အား (၁၅-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#ayy_mar2019

Sign Up

Upcoming Events