လေပြင်ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ လစဉ်၊ လဝက်နှင့် လကုန်ရက်တို့တွင် ကျင်းပလျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ (၂၀၄) ဦးနှင့် ကျေးရွာတာဝန်ခံ ရာအိမ်မှူး (၆၀၂) ဦး စုစုပေါင်း (၈၀၆) ဦးတို့အား လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events