လေပြင်းဘေး ထောက်ပံ့မှုသတင်း

15 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ မြှုံးဝကျေးရွာအုပ်စု၊ မြှုံးဝ(မ)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-)နှင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁) အိမ်ထာင်စာတို့အား (၁၅-၃-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများထံ
လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_mar 2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events