သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း

15 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုမိန်းစခန်းခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို
ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့်
ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကျေးရွာအတွင်းကျရောက်နိုင်သော ဘေးအန္တရာယ်များထိခိုက်ခံရ လွယ်မှုများနှင့် အရင်းအမြစ်များကို ၎င်းတို့ကိုယ်တိုင်သိရှိနိုင်စေရန် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရန်အဖွဲ့အစည်းများဖွဲ့စည်းခြင်း ဘေးအန္တရာယ်ဖြစ်ပွါးလာပါက တုံ့ပြန်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို တက်ရောက်သူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၁၆၀) ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar 2019 Source: တာချီလိတ်မြို့နယ်ဦးစီမှုးရုံး (ဘစမ)

Sign Up

Upcoming Events