လေပြင်းဘေးအသိပညာပေး ဟောပြောမှုသတင်း

18 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၈-၃-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ လစဉ်၊ လဝက်နှင့် လကုန်ရက်တို့တွင် ကျင်းပလျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဌာနဆိုင်ရာဝန်ထမ်း (၃၄) ဦး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၈) ဦး၊ ရာအိမ်မှူး (၃၃၈) ဦး၊ စုစုပေါင်း (၄၂၀) ဦးတို့အား လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #ayy_mar 2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events