လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၁၉)ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်    ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ ရပ်ကွက်/ကျေးရွာအုပ်စုမှအုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေးစာရေးများနှင့် ဌာနဆိုင်ရာ  စုစုပေါင်း (၁၇၀) ဦးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။

#ar_sgw

#ayy_mar2019

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events