လေပြင်းဘေးကာကွယ်‌‌ရေးပြည်သူများသို့ပြန်ကြားချက်လက်ကမ်းစာ‌စောင်များဖြန့်ဝေပေးမှုသတင်း

 

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၈-၃-၂၀၁၉) ရက်‌‌နေ့တွင် ဒေးဒရဲမြို့ အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် ရပ်‌/‌ကျေးအုပ်ချုပ်‌‌ရေးမှူးနှင့် စာ‌ရေးဝန်ထမ်းများ(၁၈၀)ဦးတို့အား ဦးစီး ဌာနမှ‌ ဆောင်ရွက်‌‌နေသည့်လုပ်ငန်းစဉ်များ၊ ရပ်‌/‌ကျေးအဆင့် သဘာဝ‌ဘေးကာကွယ်‌‌စောင့်ရှောက်‌‌ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့်လုပ်ငန်‌းတာဝန်များအဆင့်ဆင့်ကို ရှင်းလင်းဆွေး‌နွေးခဲ့ပြီး ယခုအချိန်တွင်‌ဖြစ်‌‌ပေါ်‌နေသည့်လေပြင်း ဘေးကာကွယ်‌‌ရေးပြည်သူများသို့ပြန်ကြားချက်လက်ကမ်းစာ‌စောင်များကို ရာအိမ်မှူးများမှတစ်ဆင့် ပြည်သူများ အသိပညာ‌ပေးနိုင်‌‌ရေးဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရှိ ရပါသည်။

#ar

#ayy_mar2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events