မီးဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့နေမှုသတင်း

 

16 pic 01

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ကလေးမြို့နယ်၊အောင်မေတ္တာရပ်ကွက်နယ်မြေ(၃/၁၅၅)တွင်ဘုရားမီးပူဇော်ရာမှတဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၈)ဦးတို့အတွက်ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀) အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) ထောက်ပံငွေစုစုပေါင်း (၁၁၆၈၀၀) နှင့်မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မောက်ပုလင်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာရှိ ညောင်ပင်အောက်၌ ကလေးမြို့ အောင်င်္ဂလာရပ်ကွက် တွင် နေထိုင်သူမှ ဈေးရောင်းပြီးအပြန် နားနေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းပိသေဆုံးသူအတွက်ထောက်ပံငွေ (၃၀၀၀၀၀)ကျပ်တို့အား ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ (၁၆.၄.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_fir_sgw
#sgg_apr2019

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events