လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

17 Pic_01 17 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာတို့၌ (၁၅-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၃) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅,၀၀၀/-) ကျပ်အား (၁၆-၄-၂၀၁၉) ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

#ha_sgw

#sgg_apr2019

Source:         မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events