ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေ ကိုယ်စား လှယ်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး က လာရောက်တွေ့ဆုံမှုသတင်း

19_Pic_02

ဧပြီ ၁၉၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂ ယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာအား မကြာမီ အတည်ပြုနိုင်တော့မည် အခြေအနေများ၊ အဆိုပါ မဟာဗျူဟာအား အတည်ပြုပြီးနောက် ဒေသအလိုက်လုပ်ငန်းစီမံချက်များရေးဆွဲ အကောင်အထည်ဖော်နိုင်မည့် အခြေအနေများ၊ ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးအပ်နိုင်ရေး ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပါဝင်ဆောင်ရွက်နေမှု လက်ရှိအချိန်ထိ အခြေအနေများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ များနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

#hl1_otr
#npw_apr2019
Source:   MSWRR

Sign Up

Upcoming Events