ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာတွင် အပူရှိန်မြင့်တက်မှုကြောင့် ဂက်စ်မီးခြစ် ထပေါက်ရာမှ နေအိမ် (၂)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မီးကူးစက်လောင်ကျွမ်းမှု မခံရစေရန် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၃)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၂)အိမ်ထောင်စာနှင့် Family Kit (၂)ပုံးတို့အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၁၃)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂၇,၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးတို့အားလည်းကောင်း (၁၉-၄-၂၀၁၉) ရက်နေ့တွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်မိသားစုများ ထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events