မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်၊ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၄.၄.၂၀၁၉)ရက်နေ့က ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁-အိမ်ထောင်စာ) အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events