ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ပြည်သူသို့ အသိပညာပေးရေးနှင့် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများညှိနှိုင်းဆွေးနွေး

ဧပြီ ၁၉၊ နေပြည်တော်

ကမ္ဘာ့ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးပါသည်။

ဆွေးနွေးမှုများအရ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် မိမိဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများဖြစ်သော ရေရှားပါးသည့်ဒေသများတွင်ရေပေးဝေရေး၊ ရေရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်သည့်နေရာများဖော်ထုတ်ရေး၊ အသိပညာပေးလုပ်ငန်းများ၊ ဆောင်ရွက်ရေးနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများကိုဆွေးနွေးဖော်ထုတ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိဝန်ကြီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်ဒေသကြီး/ပြည်နယ်ဦးစီမှူးရုံးများအနေဖြင့် မြေပြင်တွင် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကွင်းဆင်း စိစစ်၍ ကာလအပိုင်းအခြားအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events