ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူဦးရေ (၁၃)ဦးအတွက်ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ(၁၁၇,၀၀၀)ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီပိန္နဲတောကျေးရွာရှိတိုက်ပွဲရှောင်ပြည်သူ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ (၁၇၁,၀၀၀)ကျပ်တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events