သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉)ရက်နေ့နှင့် (၁၇-၄-၂၀၁၉)ရက်နေ့တို့က မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာတွင်(၅)ရွာတွင်  လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သော အိမ်ခြေ(၁၃)၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၅၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၁,၃၀၀)နှင့် နေအိမ်(၁၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၂၅,၀၀၀)၊ ရန်ပုံငွေစုစုပေါင်း (၄၃၆,၃၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၃-အိမ်ထောင်စာ)တို့အား  (၁၉-၄-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events