လေဘေးထောက်ပံ့မှုသတင်း

 

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၁)ရပ်ကွက်၊ အဖျောက်(၂)ရပ်ကွက်၊ အဖျောက်(၃)ရပ်ကွက်၊ အဖျောက်(၄)ရပ်ကွက်၊ ငါးလာချောင်းကျေးရွာအုပ်စု၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် ရေပေါ်သောင်ကျေးရွာအုပ်စုများအတွင်း (၇-၅-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၂) လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် (၃၂၆) လုံး အမိုးလန်ပျက်စီးခဲ့ရာ၊ အိမ်ထောင်စု (၃၄၈) စုမှ လူဦးရေ (၁၄၀၄) ဦး လေဘေးသင့်ခဲ့ပါသဖြင့် (၁၄-၅-၂၀၁၉) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၆,၃၉၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၉,၄၈,၄၀၀) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ygn_may2019

Source – ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events