လေဘေးထောက်ပံ့မှုသတင်း

16_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၌ ပြိုကျပျက်စီးနေအိမ် (၇) လုံး၊ အမိုးလန်အိမ်ခြေ (၉၇) လုံး၊ အမိုးလန်စာသင်ကျောင်း (၁) ကျောင်းတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြိုကျ/ အမိုးလန်အိမ် (၁၀၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၃၅၀၀၀၀ိ/-) ကျပ်၊ ဘေးသင့်ပြည်သူ (၄၂၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၈၉၈၈၀၀ိ/-) ကျပ်၊ ပြိုကျနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်ထောင်စု (၉၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၂၄၈၈၀၀ိ/-) ကျပ် (ကျပ်ခြောက်ဆယ့် နှစ်သိန်းလေးသောင်းရှစ်ထောင့် ရှစ်ရာတိတိ) တို့ကို (၁၅-၅-၂၀၁၉) ရက်နေ့တွင်  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမျိုးထွန်း၊ ကျေးရွာခွဲ တာဝန်ခံများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ သည်၊၊  ဆက်လက်၍ မြိုင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာတွင် (၁၃-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် (ထပ်တိုး) အိမ်ခြေ (၆) လုံး၊ ဘေးသင့်ပြည်သူ (၃၃) ဦး ဘေးသင့်ခဲ့သဖြင့်  အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၉၃၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၂၇၉၃၀၀ိ/-) ကျပ်တို့အား မြိုင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ပေးပို့ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events