သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

16 Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၂) နာရီအချိန်ထိ သံတွဲခရိုင်သံတွဲမြို့နယ် မြုံပြင် ကျေးရွာမူလတန်းကျောင်းတွင် ကျေးရွာသားသူ/သားများအား ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ််နှင့် ဖြစ်ပွားပြီးအချိန်များတွင်် ဆောင်ရန်/ ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျေးရွာသူ/သားများ (၆၉) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#rke_may2019

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events