လေဘေးထောက်ပံ့မှုသတင်း

 

16 Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူ များနှင့်အတူ (၁၆.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကပိုင်ကျေးရွာအုပ်စု၊ ရေကတော ကျေးရွာ၌(၁၅.၅.၂၀၁၉)ရက်နေ့၊ ညနေ (၁၈:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး မ(၂)ဦး၊ စုစုပေါင်း(၄)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၈၄၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၅၀၀၀၀/-)အားလည်းကောင်း၊ အမိုးလန်ပျက်စီးဖြစ်ပွား ခဲ့သော ရေကတောဘုန်းတော်ကြီး ကျောင်းအတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀၀၀၀/-) စုစုပေါင်း(၁၅၈၄၀၀/-) ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2019

Source – ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events