သောက်သုံးရေဖြန့်ဝေမှုသတင်း

27 _ Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများ သည် (၂၆-၅-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်တွင် သီတင်းသုံးနေထိုင်သော အရှင်သံဃာတော်များ၊ သီလရှင်များနှင့် တောတွင်းတိရစ္ဆာန်များအတွက် သောက်သုံးရေ ဂါလံ(၃၆၀၀)ကို ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အား တောင်ခြေတွင်ထားရှိပြီး သောက်သုံးရေ(၅)ဂါလံဆန့်ပုံးများအား ကားငယ်များပေါ် တင်ဆောင်၍ ပို့ဆောင်ဖြန့်ဝေခဲ့ပါသည်၊၊

သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပကအဖွဲ့ ရေတိုင်၊ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန ရေတိုင်တို့မှ ရေကားသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါသည်၊၊

သောက်သုံးရေဖြန့်ဝေရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသက်ခိုင်၊ ကမ္ဘာမြေချစ် သူများအဖွဲ့၊ သီဟိုဋ္ဌ်ရှင်စေတနာဆေးခန်း၊ ရွှေကန်မြေ လူမှုကူညီရေးအသင်း၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း၊ မေတ္တာရှင် ပရဟိတလူမှုကူညီရေးအသင်း၊ ရန်ကုန်မြို့ ရန်ကင်း TTC 97/98 ကျောင်းသား/ သူဟောင်းများ၊ ဒေါ်အိဖြိုးနှင့် သူငယ်ချင်းများ၊ IC ကိုယ်ပိုင် အထက်တန်းကျောင်း၊ စေတနာရှင်ပြည်သူများက ရှင်မတောင် တောင်ပေါ်အရောက် သောက်သုံးရေများအား ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_drg

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events