လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

 
27_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၉)ရက်နေ့ (၁၅:၃၀)အချိန် မှ(၁၇:၀၀)အချိန်အတွင်း ကျောက်တော်မြို့နယ်အတွင်း ကျေးရွာ (၄)ရွာနှင့်ရပ်ကွက် (၁) ခုမှ လုံးဝပျက်စီးသွားသောနေအိမ် (ဓနိမိုး/ဝါးကား/ ဝါးခင်း) အိမ်ထောင်စုအတွက်(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊အမိုးလန်ပျက်စီးသွားသော နေအိမ်(သွပ်မိုး/ဓနိမိုး/ဝါးခင်း/ဝါးကာ) အိမ်ထောင်စု(၉)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၈၀,၀၀၀)ကျပ်နှင့် လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၆,၅၀၀)ကျပ်တို့အား (၂၂.၅.၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#rke_may2019
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events