သဘာဝဘေးလျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

27_Pic_01 27_Pic_02
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၅-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သဘာဝဘေး လျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၇-၅-၂၀၁၉) ရက်နေ့မှ (၂၉-၅-၂၀၁၉) ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#ar
#sgg_may2019
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events