လေဘေးထောက်ပံ့မှုသတင်း

27 _ Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီ ခရိုင်၊ သာယာဝတီမြို့နယ် အတွင်း၌ (၆/၁၆/၁၉/၂၁/၂၂-၅-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၃၄) လုံးနှင့် အမိုးလန်နေအိမ် (၁၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၈၉၃၅၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၃၄) စုရှိ လူဦးရေ (၁၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၈၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၅၈၁၅၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃၄) အိမ်ထောင်စာတို့အား (၂၆-၅-၂၀၁၉) ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် ကြို့ပင်ကောက််မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၊ အေးရွာလေးကျေးရွာ ရန်အောင်မြင် စေတီတော်ဘုရားဝန်းဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သာယာဝတီ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့် အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events