ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

12_Pic_03 12_Pic_04 12_Pic_05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ ဝန်ထမ်းများသည် (၂၉-၅-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်၊ ဘုရားကြီးပိုင်း(၁)လမ်းတွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ် (၃-၆-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာအုပ်စု၊ မကြက်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ် (၃-၆-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာတို့အား (၁၂-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ha_tls

#bgo_jun2019

Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events