အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဆင်းပွဲနှင့် သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း

13_Pic_01

ဇွန် ၁၂၊  နေပြည်တော်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ပူးပေါင်း ဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး သင်တန်းဆင်းပွဲနှင့် ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး၊ သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူအတွက် ဘေးအန္တရာယ်ဆိုင်ရာ နှင့်ပတ်သက်လျင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ၊ ဘေးဖြစ်ပွားခဲ့လျင် အလျင်အမြန် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပါကြောင်း၊ ဆောင်ရွက် သည့်နေရာတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့်အထူးသဖြင့် လူ့အသက်ဆုံးရှုံးမှုများမရှိစေရန် ကြိုတင်ပြင်ဆင်မှုအပိုင်းကို စနစ်တကျစီမံ ဆောင်ရွက်ထားရှိရန် အရေးကြီးပါကြောင်း၊ ကြိုတင်ပြင်ဆင်ရာတွင် အရေးပေါ်ထောက်ပံ့မှု စနစ်တကျရှိစေရန် စီမံခန့်ခွဲမှုနည်းပညာသည် အရေးကြီးပါကြောင်း၊ ယခုသင်တန်းမှာ အရေးပေါ်အခြေအနေတွင် အရေးပေါ်ထောက်ပံ့မည့်ပစ္စည်း များကို စနစ်တကျထုပ်ပိုး ထားရှိခြင်း၊ စနစ်တကျနေရာချထားခြင်း၊ အရေးပေါ်သည့်အချိန်တွင် ရရှိလာမည့် သတင်းအချက် အလက်ပေါ်မူတည်၍ ဖြန့်ဖြူးဆောင်ရွက်ရခြင်းစသည့်  ပညာရပ်ကို သင်ကြားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ထိရောက်သောစီမံခန့်ခွဲမှုပုံစံသစ်ဖြင့် ဆောင်ရွက်မှသာ ပြည်သူလူထု အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ စနစ်တကျသိုလှောင်ထိန်းသိမ်း ဖြန့်ဖြူး သည့်အပိုင်းသည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ နည်းပညာနှင့်သိုလှောင်ရုံ ပြုပြင်မွမ်းမံမှုအတွက်  အကူအညီပေးသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ယခုသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပါ ပူးပေါင်းပါဝင်တက်ရောက် နေသည့်အတွက် ပြည်သူ့အကျိုးကို ထိထိရောက်ရောက် ပြန်လည်အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP၊ မြန်မာ) Country Director, Mr. Domenico Scalpelli က ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး၊ သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၄ သောင်း ကိုပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#hl1_otr

#npw_jun2019

Source: MSWRR

Sign Up

Upcoming Events