ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း

13_Pic_02

ဇွန်လ ၁၂၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည့်ကိစ္စများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာပူးတွဲကြေငြာချက် (Joint Communiqe) အား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် လုပ်ငန်း စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်မည့်အခြေအနေများ၊ မြေမြှပ်မိုင်း တားဆီးရေးစာချုပ်တွင် နော်ဝေနိုင်ငံမှ ဥက္ကဌအဖြစ် ဆောင်ရွက်နေမှုများနှင့် Mine Action Centre နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်နိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပါဝင်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ မြေမြှပ်မိုင်းကိစ္စများနှင့် ပတ်သက်၍ စက်တင်ဘာလအတွင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jun2019

Source:  MSWRR

 

Sign Up

Upcoming Events